Tuesday, August 19, 2008

Window မတက်တော့တဲ့အခါ ပြုပြင်နိုင်မဲ့ အလွယ်ကူဆုံး နည်းလမ်း (၃) ချက်

Window မတက်တော့တဲ့အခါ ပြုပြင်နိုင်မဲ့ အလွယ်ကူဆုံး နည်းလမ်း (၃) ချက်

ကျွန်တော်အခုပြောမယ့်နည်းလမ်းကတော့ window တက်ပြီး log နေရာမှာတင် ဆက်မတက်တော့ပဲ ရပ်တန့်သွားရင် (သို့) restart ပြန်ပြီး ဖြစ်သွားရင် အသုံးပြုနိုင်တဲ့ နည်းလမ်းပါ။

(၁) Safe Mode ကို အသုံးပြုပြီး System Restore လုပ်ခြင်း။
ကွန်ပျူတာ Power ခလုတ်ကို နှိပ်ပြီးတာနဲ့ F8 ခလုတ်ကို ဆက်ကာဆက်ကာနှိပ်ပေးပါ။ start window normally အစရှိတဲ့ windows Advanced option screen ပေါ်လာပါလိမ့်မယ်။ အဲဒီအထဲကမှ safe mode ကို up arrow key နှင့် ရွေးချယ်ပါ။ ပြီးလျှင် enter ခေါက်ပါ။ window ဟာ safe mode နဲ့ တက်သွားပြီး yes (or) no မေးပါလိမ့်မယ်။ System Restore လုပ်မယ်ဆိုရင် no ကို ရွေးပေးရပါ့မယ်။ ပြီးလျှင် Start / All program / Accessories / system tools / system restore ကိုရွေးပြီး ဖွင့်ပါ။ Restore my computer to an earlier time ကိုရွေးချယ်ပါ။ ပြီးလျှင် Next နဲ့ Next သွားပါ။ စက်က restart ပြန်ဖြစ်သွားပြီး အဆင်ပြသွားပါလိမ့်မယ်။

(၂) Last Known Good Configuration ကို သုံးခြင်း။
ကွန်ပျူတာ Power ခလုတ်ကို နှိပ်ပြီးတာနဲ့ F8 ခလုတ်ကို ဆက်ကာဆက်ကာနှိပ်ပေးပါ။ tart window normally အစရှိတဲ့ windows Advanced option screen ပေါ်လာပါလိမ့်မယ်။ အဲဒီအထဲကမှ Last Known Good Configuration ကို up arrow key နှင့် ရွေးချယ်ပါ။ ပြီးလျှင် enter ခေါက်ပါ။ Last Known Good Configuration ရဲ့ သဘောတရားကတော့ စက်ရဲ့ နောက်ဆုံးလုပ်ခဲ့တဲ့ setting တွေကို backup လုပ်ပေးထားတာပါ။ သို့သော် ၄င်း function ကို (၁) ပဲ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ (၁) ခါထက်ပိုလုပ်ရင်တော့ အောင်မြင်မှာ မဟုတ်ပါဘူး။ window ဟာ Last Known Good Configuration နဲ့ တက်သွားပြီး shutdown လုပ်နိုင်မှ နောက်တစ်ခါ ဒီ function ကို အသုံးပြုနိုင်မှာပါ။

(၃) Recovery Console ကို အသုံးပြုခြင်း။
အထက်ကပြောခဲ့တဲ့ အချက် (၂) ချက်နဲ့မှ window မတက်ရင် ဒီအဆင့်လေးကိုလုပ်ကြည့်ပါ။ Window XP CD ကို CD Rom ထဲထည့်ပြီး ပြန်restart လုပ်ပါ။ စက်စတက်တက်ချင်း delete ခလုတ်ကို နှိပ်ပါ။ ပေါ်လာတဲ့ BIOS ထဲက Boot From CD ကို ရွေးချယ်ပါ။ ( စက်တစ်လုံးနဲ့တစ်လုံး BIOS တူညီမှု ရှိမှာ မဟုတ်ပါ။) ဇယားအမည်းကွက်ကြီး ပေါ်လာပြီးတဲ့နောက်မှာ Start any key to boot from CD ဆိုတဲ့စာတန်းလေး ပေါ်လာမှာ ဖြစ်ပါတယ်။ ကြိုက်နှစ်သက်ရာ Key တစ်ခုခုကို နှိပ်ပေးလိုက်ပါ။ Window XP CD ကနေ boot တက်လာတဲ့အခါမှာ Recovery Console ထဲကို ၀င်ရောက်ဖို့အတွက် R ကို နှိပ်ပေးပါ။ မိမိပြုပြင်ချင်တဲ့ Operation System (eg. C:\ (or) D:\ ကို ရွေးချယ်ပါ။ အများအားဖြင့် Window ကို C:\ ထဲမှာပဲ တင်တတ်တဲ့အတွက် C:\ ကို ရွေးပြီး enter ခေါက်ပါ။ ၄င်းနောက် ညွှန်ကြားချက်မျာအတိုင်း လိုက်ပါလုပ်ဆောင်ပါက Window လုပ်ငန်းစဉ် အောင်မြင်စွာ ပြီးဆုံးပေလိမ့်မည်။ ကွန်ပျူတာ ဗဟုသုတများ တိုးပွါးကြပါစေ .......................................။
ဖေကြီးကျော်

No comments: