Wednesday, August 13, 2008

Dial-up Connection

Dial-up Connection အကြောင်းလေးပါ။ အရင်ဆုံးကိုယ့်မှာ ကွန်ပျူတာ (၁) စုံ ရယ် ဒစ်ဂျစ်တယ်အော်တိုဖုန်း
လိုင်းရယ် ရှိရပါမယ်၊ နောက်ပြီး ကွန်ပျူတာမှာ တပ်ဆင်ဖို့ပစည်း ( ၂ ) မျိုးလည်း လိုအပ်ပါသေးတယ်။ အဲဒါတွေကတော့ Modem ကဒ် နှင့် Access Kit ပဲ ဖြစ်ပါတယ်။
(1) MODEM ( မိုဒမ်း )
Modem ကဒ်မှာ နှစ်မျိုးရှိပါတယ်။
(1) Internal Modem
(2) External Modem

Modem ဆိုက ကွန်ပျူတာနဲ့ ဖုန်းလိုင်းကို ဆက်သွယ်ပေးမဲ့ ပစည်းပဲ ဖြစ်ပါတယ်။ Internal modem ဆိုတာက casing ဗုံးထဲက MotherBoard ရဲ့ PCI slot မှာစိုက်ရတာဖြစ်ပါတယ်။ External Modem ဆိုတာကတော့ USB port နဲ့ ချိတ်ဆက်ရတာ ဖြစ်ပါတယ်။ Internal Modem က MotherBoard ရဲ့ BUS Speed နဲ့ သွားမှာ ဖြစ်ပြီး External Modem က USB Speed နဲ့ အလုပ်လုပ်မှာ ဖြစ်ပါတယ်။ ဘာကိုပဲသုံးသုံး Dial-up connection မှာ မကွာပါဘူး။
(2) Access Kit ( အဆက်စ်ကစ်စ် )
Access Kit ဆိုတာကတော့ အင်တာနက်သုံးဖို့အတွက် User name and password ပါရှိတဲ့ စာအိတ်ကလေးဖြစ်ပါတယ်။ စာအိတ်ထဲမှာ အင်တာနက်ချိတ်ဆက်ပုံ ချိတ်ဆက်နည်းနဲ့ User name and password ပါရှိတဲ့ စာရွက်အမည်းလေးပါပါတယ်။ (၁၅) နာရီ၊ နာရီ (၃၀) ၊ နာရီ (၆၀) စသည်ဖြင့် မြန်မာ့တယ်လီပို့မှ ရောင်းချပေးပါတယ်။ မိမိနှစ်သက်ရာကို ၀ယ်ယူနိုင်ပါတယ်။ အင်တာနက်သုံးတာ ဖုန်းလိုင်းနဲ့ ချိတ်ဆက်အသုံးပြုရလို့ ဖုန်းခ (ဗေ) မတက်ပါဘူး။ အင်တာနက်လမ်းညွှန်အတိုင်းလုပ်လိုက်လို့ အင်တာနက် ပွင့်သွားတာနဲ့ (၃) လ သတ်မှတ်ပေးထားပါတယ်။ သဘောကတော့ မိမိဝယ်ယူထားတာ (၁၅) နာရီကဒ်ဆိုရင် (၃) လအတွင်းမှာ (၁၅) နာရီ ကုန်အောင် သုံးရပါမယ်။ (၃) ကျော်သွားရင် Auto Cancel ဖြစ်ပါတယ်။ သုံးလို့ မရတော့ပါဘူး။ ကွန်ပျူတာ ဗဟုသုတများ တိုးပွါးကြပါစေ ...........................။
ဖေကြီးကျော်

MY SELF


အရင်းဆုံး ကိုယ့်ကိုယ်ကို မိတ်ဆက်ပါရစေ၊ ကျွန်တော်က ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့ ဆိုတဲ့ နယ်မြို့လေးတစ်မြို့မှာ နေပါတယ်၊ ကွန်ပျူတာကို ၀ါသနာပါလို့ လေ့လာနေသူ တစ်ယောက်ပါ၊ ၀ါသနာရှင် အဆင့်ပေါ့ဗျာ၊ ကိုယ့်လို ၀ါသနာပါတဲ့သူတွေလည်း လေ့လာနိုင်အောင် ဒီ Blog လေးကို ကျွန်တော့်အတွေ့အကြုံတွေထဲက ကောင်းနိုးနိုးရာရာလေးတွေကို ထုတ်ပြီးရေးထားတာပါ။ သိထားပြီးသားတွေ ဆိုရင်တော့ တောင်းပန်ပါတယ်ခင်ဗျာ။

ကျွန်တော်တို့မြို့မှာက အင်တာနက်ကို ဒစ်ဂျစ်တယ်အော်တိုဖုန်းလိုင်းနဲ့ ချိတ်ဆက်ပြီးသုံးရပါတယ်၊ Dial-up Connection ပေါ့၊ Speed က 56 Kbps ( Kilo bite per seconds ) ဆိုပေမဲ့ အပြည့်မရပါဘူး၊ 49 Kbps လောက်ရပါတယ်၊ ရန်ကုန်လိုမြို့ကြီးတွေမှာကျတော့ ADSL LINEဆိုတော့ Speed က အနည်းဆုံး 256 လောက်ရတယ်၊ အဆင်ပြေတာပေါ့ဗျာ၊ အင်တာနက်မှာ Speed ကအရမ်းစကားပြောပါတယ်၊ ကျွန်တော့် Net က connection ကျနေရင် UltraSulf က အလုပ်မလုပ်ပါဘူး၊ အဲဒီတော့ ဘလော့ဂ်ရေးလို့ မရတော့ဘူးပေါ့ဗျာ၊ အခက်အခဲတွေကြားက ဒီဘလော့ဂ်လေးကို ကျွန်တော်ရေးထားတာပါ၊ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော့်မှာ ကျကျနန သင်ကြားပြသပေးမယ့် ဆရာမရှိပါဘူး၊ သင်တန်းတက်ဖို့ကျတော့လည်း အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နဲ့ဆိုတော့ အဆင်မပြေပါဘူး၊ အဲဒါကြောင့် အမှားအယွင်းလေးများရှိခဲ့ရင် တောင်းပန်ပါတယ်ခင်ဗျာ၊ ကွန်ပျူတာ ဗဟုသုတများ တိုးပွါးကြပါစေလို့ ဆနပြုရင်း .....................။

ဖေကြီးကျော်

ထိးလိုဖြန့်မိုး ညောင်ပင်မျိုးလည်း

မျိုးစေ့မှပင် စခဲ့သည်