Dial-up Connection အကြောင်းလေးပါ။ အရင်ဆုံးကိုယ့်မှာ ကွန်ပျူတာ (၁) စုံ ရယ် ဒစ်ဂျစ်တယ်အော်တိုဖုန်း
လိုင်းရယ် ရှိရပါမယ်၊ နောက်ပြီး ကွန်ပျူတာမှာ တပ်ဆင်ဖို့ပစည်း ( ၂ ) မျိုးလည်း လိုအပ်ပါသေးတယ်။ အဲဒါတွေကတော့ Modem ကဒ် နှင့် Access Kit ပဲ ဖြစ်ပါတယ်။
(1) MODEM ( မိုဒမ်း )လိုင်းရယ် ရှိရပါမယ်၊ နောက်ပြီး ကွန်ပျူတာမှာ တပ်ဆင်ဖို့ပစည်း ( ၂ ) မျိုးလည်း လိုအပ်ပါသေးတယ်။ အဲဒါတွေကတော့ Modem ကဒ် နှင့် Access Kit ပဲ ဖြစ်ပါတယ်။
Modem ကဒ်မှာ နှစ်မျိုးရှိပါတယ်။
(1) Internal Modem
(2) External Modem
Modem ဆိုက ကွန်ပျူတာနဲ့ ဖုန်းလိုင်းကို ဆက်သွယ်ပေးမဲ့ ပစည်းပဲ ဖြစ်ပါတယ်။ Internal modem ဆိုတာက casing ဗုံးထဲက MotherBoard ရဲ့ PCI slot မှာစိုက်ရတာဖြစ်ပါတယ်။ External Modem ဆိုတာကတော့ USB port နဲ့ ချိတ်ဆက်ရတာ ဖြစ်ပါတယ်။ Internal Modem က MotherBoard ရဲ့ BUS Speed နဲ့ သွားမှာ ဖြစ်ပြီး External Modem က USB Speed နဲ့ အလုပ်လုပ်မှာ ဖြစ်ပါတယ်။ ဘာကိုပဲသုံးသုံး Dial-up connection မှာ မကွာပါဘူး။
(2) Access Kit ( အဆက်စ်ကစ်စ် )Access Kit ဆိုတာကတော့ အင်တာနက်သုံးဖို့အတွက် User name and password ပါရှိတဲ့ စာအိတ်ကလေးဖြစ်ပါတယ်။ စာအိတ်ထဲမှာ အင်တာနက်ချိတ်ဆက်ပုံ ချိတ်ဆက်နည်းနဲ့ User name and password ပါရှိတဲ့ စာရွက်အမည်းလေးပါပါတယ်။ (၁၅) နာရီ၊ နာရီ (၃၀) ၊ နာရီ (၆၀) စသည်ဖြင့် မြန်မာ့တယ်လီပို့မှ ရောင်းချပေးပါတယ်။ မိမိနှစ်သက်ရာကို ၀ယ်ယူနိုင်ပါတယ်။ အင်တာနက်သုံးတာ ဖုန်းလိုင်းနဲ့ ချိတ်ဆက်အသုံးပြုရလို့ ဖုန်းခ (ဗေ) မတက်ပါဘူး။ အင်တာနက်လမ်းညွှန်အတိုင်းလုပ်လိုက်လို့ အင်တာနက် ပွင့်သွားတာနဲ့ (၃) လ သတ်မှတ်ပေးထားပါတယ်။ သဘောကတော့ မိမိဝယ်ယူထားတာ (၁၅) နာရီကဒ်ဆိုရင် (၃) လအတွင်းမှာ (၁၅) နာရီ ကုန်အောင် သုံးရပါမယ်။ (၃) ကျော်သွားရင် Auto Cancel ဖြစ်ပါတယ်။ သုံးလို့ မရတော့ပါဘူး။ ကွန်ပျူတာ ဗဟုသုတများ တိုးပွါးကြပါစေ ...........................။
ဖေကြီးကျော်

No comments:
Post a Comment