Wednesday, August 13, 2008

MY SELF


အရင်းဆုံး ကိုယ့်ကိုယ်ကို မိတ်ဆက်ပါရစေ၊ ကျွန်တော်က ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့ ဆိုတဲ့ နယ်မြို့လေးတစ်မြို့မှာ နေပါတယ်၊ ကွန်ပျူတာကို ၀ါသနာပါလို့ လေ့လာနေသူ တစ်ယောက်ပါ၊ ၀ါသနာရှင် အဆင့်ပေါ့ဗျာ၊ ကိုယ့်လို ၀ါသနာပါတဲ့သူတွေလည်း လေ့လာနိုင်အောင် ဒီ Blog လေးကို ကျွန်တော့်အတွေ့အကြုံတွေထဲက ကောင်းနိုးနိုးရာရာလေးတွေကို ထုတ်ပြီးရေးထားတာပါ။ သိထားပြီးသားတွေ ဆိုရင်တော့ တောင်းပန်ပါတယ်ခင်ဗျာ။

ကျွန်တော်တို့မြို့မှာက အင်တာနက်ကို ဒစ်ဂျစ်တယ်အော်တိုဖုန်းလိုင်းနဲ့ ချိတ်ဆက်ပြီးသုံးရပါတယ်၊ Dial-up Connection ပေါ့၊ Speed က 56 Kbps ( Kilo bite per seconds ) ဆိုပေမဲ့ အပြည့်မရပါဘူး၊ 49 Kbps လောက်ရပါတယ်၊ ရန်ကုန်လိုမြို့ကြီးတွေမှာကျတော့ ADSL LINEဆိုတော့ Speed က အနည်းဆုံး 256 လောက်ရတယ်၊ အဆင်ပြေတာပေါ့ဗျာ၊ အင်တာနက်မှာ Speed ကအရမ်းစကားပြောပါတယ်၊ ကျွန်တော့် Net က connection ကျနေရင် UltraSulf က အလုပ်မလုပ်ပါဘူး၊ အဲဒီတော့ ဘလော့ဂ်ရေးလို့ မရတော့ဘူးပေါ့ဗျာ၊ အခက်အခဲတွေကြားက ဒီဘလော့ဂ်လေးကို ကျွန်တော်ရေးထားတာပါ၊ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော့်မှာ ကျကျနန သင်ကြားပြသပေးမယ့် ဆရာမရှိပါဘူး၊ သင်တန်းတက်ဖို့ကျတော့လည်း အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နဲ့ဆိုတော့ အဆင်မပြေပါဘူး၊ အဲဒါကြောင့် အမှားအယွင်းလေးများရှိခဲ့ရင် တောင်းပန်ပါတယ်ခင်ဗျာ၊ ကွန်ပျူတာ ဗဟုသုတများ တိုးပွါးကြပါစေလို့ ဆနပြုရင်း .....................။

ဖေကြီးကျော်

ထိးလိုဖြန့်မိုး ညောင်ပင်မျိုးလည်း

မျိုးစေ့မှပင် စခဲ့သည်

No comments: