Friday, August 15, 2008

Dial-up Connection တွင် ဖြစ်တတ်သော Error များ

Dial-up Connection တွင် ဖြစ်တတ်သော Error များ
connect Myantel properties box တွင်
(1) Me only
(2) anyone who uses this computer ဆိုပြီး နှစ်မျိုး ရှိပါတယ်။

Me only ဆိုတာက မိမိရရှိထားတဲ့ Username နဲ့ Password ကို ကိုယ်တစ်ယောက်တည်း သုံးတာပါ။ သဘောကတော့ မိမိဝယ်ယူထားတဲ့ Username နဲ့ Password ကို မိမိတစ်ယောက်တည်းပဲ သုံးမယ်ဆိုရင် Me only မှာထားပါ။ Me only မှာထားပြီး Dial လုပ်ကြည့်လို့ Error တက်ပြီဆိုရင် anyone who uses this computer ကို ပြောင်းထားပေးပါ။ အဆင်ပြသွားပါလိမ့်မယ်။ ဖြစ်တတ်တဲ့ Error ကတော့ Error 691 ဆိုတဲ့ နံပါတ် ပြပါတယ်။

anyone who uses this computer ဆိုတာက မိမိရရှိထားတဲ့ Username နဲ့ Password ကို အခြားသူများနှင့် မျှဝေ သုံးစွဲတာကို ခေါ်တာပါ။ Username နဲ့ Password တစ်ခုတည်းကို အတူတူပြိုင်သုံးတာကို ဆိုလိုပါတယ်။ ဖြစ်တတ်တဲ့ တွေကတော့ Error 678 ပဲ ဖြစ်တတ်ပါတယ်။ ဖုန်းလိုင်းမအားရင်ပဲဖြစ်ဖြစ်၊ ဖုန်းလိုင်းကြပ်နေရင်ပဲဖြစ်ဖြစ် ဒီ Error ပေါ်တတ်ပါတယ်။ ၄င်း Error ကိုဖြေရှင်းဖို့အတွက် conncet Myantel properties box ထဲက properties ထဲကိုဝင်ပါ။ ပြီးရင် General ခေါင်းစဉ်အောက်က Connect using ဆိုတဲ့နေရာမှာ မိမိအသုံးပြုထားတဲ့ Modem အမျိုးအစားကို ဖော်ပြပေးထားတဲ့အကွက်ကလေးရှိပါတယ်။ အဲဒီအောက်က configure ဆိုတာကို နှိပ်ပါ။ Maximum speed (bps) ကို 115200 နှုန်းနဲ့ ပြထားတာကို တွေ့ရပါလိမ့်မယ်။ 9600 (or) 19200 ကိုပြောင်းသုံးကြည့်ပါ။ အဆင်ပြေပါလိမ့်မယ်။ စိတ်ရှည်ရှည်နဲ့ ခေါ်ဖို့တော့ လိုအပ်ပါတယ်။

Net က လိုင်းပေါ်တော့ တက်သွားတယ်။ ဒါပေမဲ့ ခဏလေးနဲ့ ပြန်ပြုတ်ကျသွားတယ် ဆိုရင်တော့ ကဒ်ကုန်သွားတာပါ။ (၂) ခါ (၃) ခါ လောက် စမ်းကြည့်ပါ။ အဲဒီအတိုင်းပဲ ဆိုရင်တော့ ကျိန်းသေပါတယ်။ ပေါ်လာမယ့် Error ကတော့ Link to Bagan net fail ပဲဖြစ်ပါတယ်။ ဒါကြောင့် မိမိ သုံးပြီးသွားတာနဲ့ net ကနေ အပြီးထွက်ဖို့အတွက် Start Menu Bar ရဲ့ ညာဘက်အကွက်လေးထဲက မှိတ်တုတ်မှိတ်တုတ်ပြနေတဲ့ ကွန်ပျူတာ နှစ်လုံးပုံကို Right Click ထောက်ပါ။ ပြီးရင် Disconnect လုပ်ပေးပါ။ သုံးပြီးသွားတာနဲ့ လုပ်ပေးမယ်ဆိုရင် အလဟသအချိန်တွေ မကုန်တော့ဘူးပေါ့ဗျာ။

Dial-up Connection သမားတွေအတွက် Smart Timer ဆိုတဲ့ ဆော့ဝဲဒ်လေးက တော်တော် အသုံးတည့်ပါတယ်။ ကိုယ်သုံးခဲ့အချိန်တွေကို သူက မှတ်ထားပေးပါတယ်။ ကိုယ်ဘယ်လောက်သုံးခဲ့သလဲဆိုတာ တွက်ကြည့်လို့ ရတာပေါ့ဗျာ။ ဒီနေရာမှာ download ဆွဲနိုင်ပါတယ်။
http://smarttimer.findmysoft.com/

Dial-up Connection မှာ ဖိုင်တွေကို download ဆွဲမယ်ဆိုရင် အချိန်ဘယ်လောက်ကြာမယ်ဆိုတာ သိထားဖို့ အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုရင် download ဆွဲနေတုန်း ဖုန်းလိုင်း မကောင်းရင် connection ကျသွားတတ်ပါတယ်။ Time Calculator ဆိုတဲ့ ဆော့ဝဲဒ်လေးက မိမိ download ဆွဲမယ့် ဖိုင်ဆိုဒ်ပေါ်မူတည်ပြီး အချိန်ဘယ်လောက်ကြာမယ်ဆိုတာ တွက်ချက်ပေးပါတယ်။ Kilo Bite (kb) ဖိုင်တွေဆို မြန်ပါတယ်။ Mega Bite (Mb) ဖိုင်တွေဆိုရင်တော့ အချိန်ကြာတတ်ပါတယ်။ ဒီနေရာမှာ download ဆွဲနိုင်ပါတယ်။ http://www.numion.com/Calculators/Time.html

ပိတ်ထားတဲ့ wedsite ( Access has been denied ) တွေကို ကျော်ဖွင့်ချင်ရင်တော့ UltraSurf (သို့မဟုတ်) YourFreedomကို သုံးရပါတယ်။ Dial-up connection အတွက်ကတော့ UltraSurf က အကောင်းဆုံးပါပဲ။ connection speed 40kbps ကျော်မှ UltraSurf ကိုသုံးတာ ကောင်းပါတယ်။ 40kbps အောက်ကျနေရင်တော့ UltraSurf ထဲကို ၀င်သွားရင်တောင် speed က အရမ်းနှေးသွားတတ်ပါတယ်။ ဒီနေရာမှာ download ဆွဲနိုင်ပါတယ်။
http://www.dl4all.com/internet/4322-ultrasurf-8.8.html

ကွန်ပျူတာ ဗဟုသုတများတိုးပွါးကြပါစေ ....................................။

ဖေကြီးကျော်

Gtalk ကို သုံးလေးငါးခု ဖွင့်နည်း

Gtalk ကို သုံးလေးငါးခု ဖွင့်နည်း
မိမိစက်တွင် ရှိသော Gtalk သည် တစ်ခုသာဖွင့်လို့ရပေသည်။ Username များများနှင့် သုံးလိုသောသူများအတွက် ယခုဖော်ပြအပ်သော နည်းလမ်းသည် အသုံးဝင်ပေသည်။ ပထမဦးစွာ START / All Programs / Google Talk / Google Talk icon ကို Right Click နှိပ်ပါ။ သို့မဟုတ် မိမိကွန်ပျူတာ၏ Desktop ပေါ်တွင်ရှိလျှင်လည်း Google talk icon ကို Right Click နှိပ်ပါ။ Properties သို့သွားပါ။General / Shortcut / Compatibility ခေါင်းစဉ် (၃) ခု အနက် Shortcut ကို နှိပ်ပါ။ Target "C:\Program Files\Google\Google Talk\googletalk.exe" /startmenu ဆိုသောနေရာတွင် "C:\Program Files\Google\Google Talk\googletalk.exe" /nomutex လို့ ပြောင်းရိုက်ပေးပါ။ ပြီးလျှင် OK ပေးပါ။ ဒါဆိုရင် Gtalk ကို သုံးလေးငါးခု ဖွင့်ဖို့အတွက် အဆင်သင့် ဖြစ်သွားပါပြီ။ ကွန်ပျူတာ ဗဟုသုတများ တိုးပွါးကြပါစေ ..............................။
ဖေကြီးကျော်

Gtalk တွင် စာလုံးအား Bold တင်ရိုက်နည်း
မိမိပြောလိုသောစကားအား မရိုက်ခင် *- အရင်ခံရိုက်ပါ။ စကားလုံးပြောပြီးလို့ ဆုံးသွားလျှင်လည်း *- ခံပါ။ ပြီးလျှင် Enter ခေါက်ပါ။ (eg. *- are you ok?*-) မိမိရိုက်လိုက်သော စကားလုံးများသည် bold တင်တင်ပြီး တက်သွားသည်ကို တွေ့ရပါလိမ့်မည်။ ကွန်ပျူတာ ဗဟုသုတများ တိုးပွါးကြပါစေ ..............................။
ဖေကြီးကျော်