Friday, August 15, 2008

Gtalk ကို သုံးလေးငါးခု ဖွင့်နည်း

Gtalk ကို သုံးလေးငါးခု ဖွင့်နည်း
မိမိစက်တွင် ရှိသော Gtalk သည် တစ်ခုသာဖွင့်လို့ရပေသည်။ Username များများနှင့် သုံးလိုသောသူများအတွက် ယခုဖော်ပြအပ်သော နည်းလမ်းသည် အသုံးဝင်ပေသည်။ ပထမဦးစွာ START / All Programs / Google Talk / Google Talk icon ကို Right Click နှိပ်ပါ။ သို့မဟုတ် မိမိကွန်ပျူတာ၏ Desktop ပေါ်တွင်ရှိလျှင်လည်း Google talk icon ကို Right Click နှိပ်ပါ။ Properties သို့သွားပါ။General / Shortcut / Compatibility ခေါင်းစဉ် (၃) ခု အနက် Shortcut ကို နှိပ်ပါ။ Target "C:\Program Files\Google\Google Talk\googletalk.exe" /startmenu ဆိုသောနေရာတွင် "C:\Program Files\Google\Google Talk\googletalk.exe" /nomutex လို့ ပြောင်းရိုက်ပေးပါ။ ပြီးလျှင် OK ပေးပါ။ ဒါဆိုရင် Gtalk ကို သုံးလေးငါးခု ဖွင့်ဖို့အတွက် အဆင်သင့် ဖြစ်သွားပါပြီ။ ကွန်ပျူတာ ဗဟုသုတများ တိုးပွါးကြပါစေ ..............................။
ဖေကြီးကျော်

Gtalk တွင် စာလုံးအား Bold တင်ရိုက်နည်း
မိမိပြောလိုသောစကားအား မရိုက်ခင် *- အရင်ခံရိုက်ပါ။ စကားလုံးပြောပြီးလို့ ဆုံးသွားလျှင်လည်း *- ခံပါ။ ပြီးလျှင် Enter ခေါက်ပါ။ (eg. *- are you ok?*-) မိမိရိုက်လိုက်သော စကားလုံးများသည် bold တင်တင်ပြီး တက်သွားသည်ကို တွေ့ရပါလိမ့်မည်။ ကွန်ပျူတာ ဗဟုသုတများ တိုးပွါးကြပါစေ ..............................။
ဖေကြီးကျော်

No comments: