Tuesday, August 19, 2008

Computer အလုပ်လုပ်နေရင်းမှ ရပ်တန့်သွားခြင်းကို စစ်ဆေးနိုင်ခြင်း

Computer အလုပ်လုပ်နေရင်းမှ ရပ်တန့်သွားခြင်းကို စစ်ဆေးနိုင်ခြင်း

(1) Memory
(2) Fan
(3) Antivirus

မိမိအသုံးပြုနေတဲ့ ကွန်ပျူတာရဲ့ Memory ဘယ်လောက်ရှိသလဲဆိုတာ အရင်သိထားဖို့ လိုအပ်ပါတယ်။ အခုနောက်ပိုင်းထွက်တဲ့ Software တွေမှာ သူနဲ့ကိုက်ညီမယ့် System Require တွေပါရှိပါတယ်။ အဲဒါတွေကို သေသေချာချာ ဖတ်ရှုဖို့ လိုအပ်ပါတယ်။ Memory အရမ်းနိမ့်နေလို့ လုပ်ငန်းများများလုပ်တဲ့အခါမှာ ကွန်ပျူတာက အလုပ်ဆက်မလုပ်တော့ပဲ ရပ်တန့် ( Hand ) သွားတတ်ပါတယ်။ လုပ်ငန်းများများလုပ်မယ်ဆိုရင် Memory များများလိုအပ်ပါတယ်။ အဲဒါကြောင့် Memory လိုအပ်နေတယ်ဆိုရင် Memory ထပ်တိုးပေးသင့်ပါတယ်။

System Unit မှာပါဝင်တဲ့ အစိတ်အပိုင်းတွေမှာ သူနဲ့သက်ဆိုင်တဲ့ Fan (ပန်ကာ) တွေပါပါတယ်။ အဲဒီ Fan တွေလည်မလည် စစ်ဆေးရပါ့မယ်။ (eg. CPU Fan, Graphic Card Fan ) Fan တွေမလည်ဘူးဆိုရင် System Unit ပိုင်းမှာ Heat တက်ပြီး ကွန်ပျူတာက အလုပ်ဆက်မလုပ်ပဲ ရပ်တန့်သွားတတ်ပါတယ်။ နောက်တစ်ချက်က ကွန်ပျူတာကို အချိန်အကြာကြီး ဖွင့်ထားပြီး အလုပ်လုပ်တဲ့အခါမှာ Fan တွေကလည်း လည်နေရဲ့သားနဲ့ ကွန်ပျူတာက Hand သွားပြီး Restart ပြန်ပြန်ဖြစ်နေတယ်ဆိုရင်တော့ ကိုယ်ရဲ့ Power Supply ပေါ်မူတည်ပြီး Fan တွေ ထပ်တိုးဖို့ လိုအပ်ပါလိမ့်မယ်။

မိမိအသုံးပြုနေတဲ့ စက်ဟာ Internet ချိတ်ဆက်ထားတယ်ဆိုရင် Antivirus Software တွေနဲ့ ပုံမှန်ရှင်းလင်းပေးသင့်ပါတယ်။ Internet ချိတ်ဆက်မထားရင်တော့ Scan Disk လိုမျိုး Defragment လိုမျိုးကို (၂) ရက် တစ်ခါ၊ (၃) ရက်တစ်ခါ ပြုလုပ်သင့်ပါတယ်။ Antivirus Software တွေနဲ့ ပုံမှန်ရှင်းလင်းရေးလုပ်မပေးခဲ့ရင် စက်က အရမ်းလေးလာပြီး Antivirus Software က Virus ကိုမသိတော့ပဲ window ပြန်ချပြီး အသစ်ပြန်တင်ပေးရတတ်ပါတယ်။ မလိုလားအပ်တဲ့ ဆိုးကျိုးတွေပေါ့ဗျာ။

ကျွန်တော်အထက်ကပြောခဲ့တဲ့ အကြောင်းအရာတွေအတိုင်း မိမိရဲ့စက်ကို ဂရုစိုက်မယ်ဆိုရင် အလုပ်လုပ်ရတာလဲ အဆင်ပြေမယ်။ ကိုယ့်စက်ရဲ့ သက်တမ်းလည်း ပိုရှည်တာပေါ့ဗျာ။ ကွန်ပျူတာ ဗဟုသုတများ တိုးပွါးကြပါစေလို့ ...................။
ဖေကြီးကျော်

No comments: