Tuesday, August 19, 2008

MALWARE အကြောင်းသိကောင်းစရာ

MALWARE အကြောင်းသိကောင်းစရာ

Malware ဆိုတာဟာ အသုံးပြုသူမသိရှိဘဲ ကွန်ပျူတာစနစ်ထဲ ထိုးဖောက်ဝင်ကာ အချက်အလက်တွေရယူဖို့
ဒါမှမဟုတ် ဖျက်ဆီးမှု ပြုလုပ်ဖို့အတွက် ရည်ရွယ်ရေးသားထားတဲ့ ဆော့ဝဲဒ်ကို ခေါ်ဆိုခြင်းဖြစ်ပါသည်။
Malware ဆိုတဲ့ စကားလုံးဟာ malicious နဲ့ software တို့ ကို ပေါင်းစပ်ခေါ်ဆိုထားတာဖြစ်ပြီး ကွန်ပျူတာစနစ်ကို Problemပေးတဲ့ ဒါမှမဟုတ် အသုံးပြုသူတွေကို စိတ်ညစ်ညူးစေတဲ့ ဆော့ဝဲဒ်နဲ့ program code တွေကို ယေဘုယျ ခေါ်ဆိုသုံးနှုန်းခြင်းဖြစ်ပါတယ်။ software တစ်ခုဟာ Malware ဟုတ်မဟုတ် ၄င်းရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ရှုသတ်မှတ်ရတာမဟုတ်ပဲ program ရေးသားသူကနေ ဘယ်လိုရည်ရွယ်ချက်နဲ့ရေးသားလိုက်တယ်ဆိုတာကိုပဲ အဓိက အခြေခံသတ်မှတ်တာ ဖြစ်တယ်။ Malware လို့ဆိုရာတွင် ကွန်ပျူတာ ဗိုင်းရပ်တွေ၊ worm တွေ၊ trojan horse တွေ၊ root kit တွေ၊ spy ware တွေ မရိုးမသားရည်ရွယ်ချက်နဲ့ ရေးသားထားတဲ့ Adware တွေအပြင် အသုံးပြုသူတွေကို စိတ်ညစ်ညူးစေတဲ့ software တွေလည်း ပါဝင်ပါတယ်။ Malware တွေကို virus နဲ့ worm တို့လိုမျိုး ကွန်ပျူတာထဲ ကပ်ငြိမ်နေပြီး ပျံ့နှံ့ ကူးစက်တတ်တဲ့အမျိုးအစား trojan horse တွေ၊ root kit တွေ၊ Backdoor တွေ လိုမျိုး ကွန်ပျူတာစနစ်ထဲ ပုန်းအောင်းခိုကပ်တတ်တဲ့ အမျိုးအစား spyware , botnet, keystroke logger, dialer တို့လိုမျိုး ငွေကြေးအကျိုးအမြတ်အတွက် ရည်ရွယ်ရေးသားထားတဲ့ အမျိုးအစား စသည်ဖြင့် ခွဲခြားထားနိုင်ပါတယ်။
Virus Programs တွေဟာ ကွန်ပျူတာအတွင်းရှိ exe ဖိုင်တွေထဲဝင်ရောက်ကပ်ညိပြီး run လိုက်တာနဲ့တပြိုင်နက် အခြား exe program တွေ ပျံ့နှံ့သွားတတ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် virus တွေမှာ ကွန်ပျူတာစနစ်ကို အနရာယ်ပြုနိုင်အောင် payload လို့ခေါ်တဲ့ လုပ်ဆောင်ချက်လည်း ပါရှိလာတတ်တဲ့ အကြောင်းသိရပါတယ်။ worm ဆိုတာကတော့ အသုံးပြုသူကနေ တစ်စုံတစ်ရာပြုလုပ်ပေးဖို့ မလိုအပ်ပဲ သူ့အလိုအလျောက် ပျံ့နှံ့တတ်တဲ့အပြင် virus တွေမှာလိုမျိုးပဲ payload ပါရှိတတ်တဲ့အကြောင်း သိရပါတယ်။ Internet ကွန်ရက်ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်မှီ ကာလတွေမှာ virus တွေဟာ floppy disk ကနေတစ်ဆင့် ပျံ့နှံ့ခဲ့ကြတာဖြစ်ပြီး နောက်ပိုင်းမှာ IBM PC နဲ့ MS DOS virus တွေ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ အခုနောက်ပိုင်း worm တွေဟာ Linux နဲ့ Unix စနစ်တွေကို အဓိကတိုက်ခိုက်တာ မဟုတ်တော့ပဲ windows operating system အသုံးပြုကွန်ပျူတာတွေကို ရည်ရွယ်တိုက်ခိုက်လာကြတာဖြစ်ပါတယ်။
အခုနောက်ပိုင်း malware program တွေဟာ အသုံးပြုသူတွေကနေ ရှာဖွေဖျက်ခြင်းမျိုးကို မခံရနိုင်စေဖို့အတွက် ကွန်ပျူတာစနစ်ထဲ ပုန်းကွယ်ခိုအောင်းနေတတ်ကြပါတယ်။ ဒီလိုမျိုး အနရာယ်ပေးနိုင်တဲ့ program တွေကို ရိုးရိုး application software တွေပုံစံမျိုး ထင်မြင်ရအောင် trojan horse တွေကနေ လုပ်ဆောင်ပေးတတ်ကြပါတယ်။
dropper လို့ခေါ်တဲ့ trojan horse တွေဟာ worm တွေကို တခြားနေရာတွေဆီ ပျံ့နှံ့သွားအောင် ကူညီလုပ်ဆောင်ပေးတတ်ကြသလို မိမိခိုအောင်းကပ်ညိနေတဲ့ ကွန်ပျူတာအတွင်း အခြားအနရာယ်ပေးနိုင်တဲ့ program တွေကိုလည်း install ပြုလုပ်တတ်ကြတာကိုတွေ့ရပါတယ်။ root kit တွေကတော့ ၄င်းတို့ဝင်ရောက်နေတဲ့ operating system ကို အပြောင်းအလဲပြုလုပ်ကာ Malware တွေကို မမြင်တွေ့နိုင်အောင် ဖုံးကွယ်ပေးထားခြင်း၊ ကွန်ပျူတာရဲ့ Process list အတွင်း အနရာယ်ပေးနိုင်တဲ့ Process တွေကို မမြင်ရအောင် ဖုံးကွယ်ပေးထားခြင်းနှင့် ဖိုင်တွေကို ဖတ်ရှုလို့မရနိုင်အောင် ပြုလုပ်ပေးခြင်းတို့ကို လုပ်ဆောင်ကြပါတယ်။ Root Kit ဆိုတဲ့စကားလုံးကတော့ hacker တွေကနေ Unix ကွန်ပျူတာစနစ်ထဲကို administrator (root) access ရယူနိုင်အောင် အသုံးပြုတဲ့ tool တွေကို ခေါ်ဆိုရာကနေ အသုံးတွင်ကျယ်လာတာဖြစ်ပါတယ်။ Backdoor ဆိုတာကတော့ ပုံမှန်စစ်ဆေးမှုလုပ်ငန်းတွေကို ကျော်လွှားသွားနိုင်အောင် အသုံးပြုတဲ့ နည်းစနစ်ကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ တိုက်ခိုက်သူတွေအနေနဲ့ ကွန်ပျူတာကို တစ်နည်းနည်းနဲ့ ထိန်းချုပ်သွားနိုင်ခဲ့ပါက နောက်ပိုင်းမှာ အလိုရှိရာကို ခိုင်းစေနိုင်တော့မှာ ဖြစ်ပါတယ်။ spyware program တွေဟာ အသုံးပြုသူဆီကနေ အချက်အလက်တွေရယူခြင်း၊ pop-up ကြော်ငြာတွေဖော်ပြခြင်းနှင့် web browser ရဲ့လုပ်ဆောင်ချက်ကို ပြောင်းလဲပစ်ပြီး ရေးသားသူအတွက်ငွေကြေးအကျိုးအမြတ်ရရှိအောင်လုပ်ဆောင်ခြင်းတို့ ပြုတတ်ပါတယ်။ Spammer virus တွေဟာ e-mail ကနေတစ်ဆင့် ပျံ့နှံ့ပြီး ကပ်ညိဝင်ရောက်သွားတဲ့ ကွန်ပျူတာတွေထဲကနေ ဆင့်ကဲဆင့်ကဲ spam message တွေကို ပေးပို့သွားတာ ဖြစ်ပါတယ်။ malware ကပ်ညိနေတဲ့ ကွန်ပျူတာတွေကို botnet ခေါ်တဲ့စနစ်ဖြင့် ဖန်တီးကာ တိုက်ခိုက်မှုတွေကို တပြိုင်နက်လုပ်ဆောင်တတ်ကြပါသေးတယ်။ Key logger တွေကတော့ အကြေးဝယ်ကဒ်နံပါတ် ဒါမှမဟုတ် အခြားအချက်အလက်တွေ ရိုက်ထည့်တဲ့အခါ Keyboard ထဲကနေ ဘယ်စာလုံးအသုံးပြုတယ်ဆိုတာကို မှတ်သားပြီး Hacker တွေဆီကို ပေးပို့တဲ့ Program ဖြစ်ပါတယ်။ Dialer ဒါမှမဟုတ် porn dialer program တွေကတော့ PC ကွန်ပျူတာနဲ့ ချိတ်ဆက်ထားတဲ့ modem တွေကို ထိန်းချုပ်ကာ သတ်မှတ်ထားတဲ့ ဖုန်းနံပါတ်တွေကို ခေါ်ဆိုစေပြီး ဖုန်းပြောခ အများအပြားကျသင့်အောင် လုပ်ဆောင်တတ်ကြပါတယ်။
Malware အပြင် Grayware (Greyware လို့လည်း စလုံးပေါင်းတတ်ကြပါတယ် ) ဆိုတဲ့စကားလုံးကိုလည်း spyware,adware,dialer,joke program, remote access tool နဲ့ တခြားကွန်ပျူတာရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းအောင် လုပ်ဆောင်ပေးတဲ့ program တွေအတွက် ခေါ်ဝေါ်သုံးနှုန်းတတ်ကြပါတယ်။
ကောက်နှုတ်ချက် - ( Internet Journal )

အကြုံပြုချက်
Malware တွေ ၊ Virus တွေအကြောင်းကို သိရှိသွားပြီဆိုတော့ သူတို့ကို သတ်နိုင်တဲ့၊ ကိုယ့်ကွန်ပျူတာအတွင်း Malware တွေ ၊ Virus တွေဝင်ရောက်ခြင်းမှ ကာကွယ်နိုင်ဖို့အတွက် AntiVirus Software တွေ တင်ထားဖို့ လိုအပ်လိမ့်မယ်။ AntiVirus Software တွေတင်တဲ့အခါမှာ တစ်ခုတည်းမသုံးပဲ အများကြီး သုံးတဲ့အခါ software တွေက အချင်းချင်းညိပြီး Crash ဖြစ်တတ်ပါတယ်။ Crash ဖြစ်ရင် ကွန်ပျူတာက သိသိသာသာကြီး လေးသွားတတ်ပါတယ်။ တစ်ခါတစ်ရံမှာ အလုပ်ဆက်မလုပ်ပဲ Hand သွားတတ်ပါတယ်။ ဥပမာ ကိုယ့်စက်မှာ Kaspersky နဲ့ AVG တင်မယ်ဆိုပါစို့။ AVG ကိုအရင်တင်ပြီး Kaspersky ကို နောက်မှ တင်မယ်ဆိုရင် Crack ဖြစ်ပါတယ်။ Kaspersky ကို အရင်တင်ပြီး AVG ကို နောက်မှ တင်ရပါ့မယ်။ ဒါမျိုးလေးတွေကိုလည်း သိထားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ကိုယ်သုံးတဲ့ AntiVirus Software က အမြဲ upgrade ဖြစ်နေဖို့လည်း လိုအပ်ပါတယ်။ ဒါမှ အကျိုးသက်ရောက်မှု ပိုရှိမှာပါ။ Spyware Remover နဲ့ Malware Remover တွေကိုလည်း တင်ထားဖို့ လိုအပ်ပါတယ်လို့ အကြံပြုလိုက်ပါရစေ။ လူသုံးအများဆုံးနဲ့ အကောင်းဆုံး AntiVirus Software တွေကို ဖော်ပြပေးလိုက်ပါတယ်။
(1) Kaspersky
(2) AVG
(3) NOD 32
(4) Bitdefender
(5) Norton Antivirus
(6) McAfee Antivirus
ကွန်ပျူတာ ဗဟုသုတများ တိုးပွါးကြပါစေ .............................။
ဖေကြီးကျော်

No comments: