Tuesday, August 19, 2008

စုံစီနဖာ မှတ်စုများ (၁)

စုံစီနဖာ မှတ်စုများ (၁)

Program တစ်ခုကို စွမ်းရည်မြင့်တင်ခြင်း

မိမိသုံးနေတဲ့ Program ကို ပိုမိုမြန်ဆန်အောင်ပြုလုပ်ချင်ရင်တော့ အောက်ပါနည်းလမ်းလေးအတိုင်း လုပ်ဆောင်ကြည့်ပါ။ Task Manager ကို ခေါ်လိုက်ပါ။ shortcut ........ (Ctrl + Alt +Delete) ပြီးလျှင် Processes ကို ရွေးချယ်ပြီးနှိပ်ပါ။ ကိုယ်သုံးနေတာက Photoshop ဆိုရင် photoshop.exe ကို right click နှိပ်ပါ။ Set Priority ထဲက High ကို ရွေးချယ်ပေးလိုက်ပါ။ ပိုမိုမြန်ဆန်သွားတာကို တွေ့ရပါလိမ့်မယ်။

မလိုအပ်သော ဖိုင်များကို ဖျက်ခြင်း

Start / Run ( Win+R ) ပေါ်လာသော box ထဲတွင် temp လို့ရိုက်ပါ။ OK ပေးပါ။ ပေါ်လာသော Temp ထဲမှ ရှိနေသော ဖိုင်များအားလုံးကို select မှတ်ပါ။ ပြီးလျှင် shift+delete ကျွေးပါ။ Start / Run ( Win+R ) ပေါ်လာသော box ထဲတွင် %temp% လို့ရိုက်ပါ။ OK ပေးပါ။ ပေါ်လာသော Temp ထဲမှ ရှိနေသော ဖိုင်များအားလုံးကို select မှတ်ပါ။ ပြီးလျှင် shift+delete ကျွေးပါ။ Start / Run ( Win+R ) ပေါ်လာသော box ထဲတွင် prefetch လို့ရိုက်ပါ။ OK ပေးပါ။ ပေါ်လာသော prefetch ထဲမှ ရှိနေသော ဖိုင်များအားလုံးကို select မှတ်ပါ။ ပြီးလျှင် shift+delete ကျွေးပါ။

Window ကျသွားသော Harddisk ထဲမှ Data များ ပြန်လည်ရယူခြင်း

Window တက်မလာပဲ Mother ရဲ့ Speaker မှ “တီ“ လို့ အသံပေးမြည်ပြီး ( Mother မှာ Speaker မပါခဲ့လျှင် အသံမည်မှာ မဟုတ်ပါဘူး ) မှာ စာသားတွေ ဒါမှမဟုတ် ပုံတွေ ပေါ်နေခဲ့မယ်ဆိုလျှင် ကွန်ပျူတာရဲ့ Hardware ပိုင်းတွေ ကောင်းမွန်တယ်လို့ ယူဆနိုင်ပါတယ်။ C:\ အပိုင်းမှာ window တင်ထားပြီး မိမိအလုပ်လုပ်ထားတဲ့ ဖိုင်တွေဟာလည်း C:\ အပိုင်းမှာပဲ ရှိတယ်ဆိုရင် window ပြန်တင်လိုက်တာနဲ့ အလုပ်လုပ်ထားတဲ့ ဖိုင်တွေ အကုန်ပျက်ကုန်မှာ ဖြစ်ပါတယ်။ အဲဒီလိုမျိုးမဖြစ်ရအောင် Casing ဗုံးထဲမှ Harddisk ကိုဖြုတ်ပြီး အခြားကွန်ပျူတာတစ်ခုမှာ Secondary Drive အနေနဲ့ တပ်ရမှာ ဖြစ်ပါတယ်။ မိမိတပ်ဆင်မဲ့ ကွန်ပျူတာကို အရင်ဦးဆုံး shutdown လုပ်ထားပါ။ ပြီးရင် တပ်မဲ့ Harddisk ရဲ့ IDE ကြိုးပေါက်တွေဘေးမှာ jumper ချိုးထားတဲ့ pin လေးတွေပါပါတယ်။ jumper လေးကိုဖြုတ်ပစ်ပါ။ ပြီးရင် Harddisk Body မှာပါတဲ့အတိုင်း Slave မှာ ပြန်တပ်ပေးပါ။ (အချို့စက်တွေကျတော့ Slave မှာ ထားလည်းမရတတ်ပါဘူး။ အဲဒီလိုအခါမျိုးမှာ jumper တွေကို အကုန်ဖြုတ်ပစ်ရပါတယ်) ပြီးရင် ကိုယ်တပ်မဲ့ ကွန်ပျူတာရဲ့ IDE ကြိုးမှာ တပ်ပါ။ ကွန်ပျူတာကို power on လိုက်ပါ။ window ဟာ ကိုယ်တပ်လိုက်တဲ့ Harddisk ကို ပြသပေးထားပါတယ်။ (eg.Local F:, Local G:) ကိုယ်ကူးချင်ကို ဖွင့်ကူးလိုက်ရုံပါပဲ။ ဒီလောက်ဆိုရင်တော့ အဆင်ပြေသွားပြီလို့ ထင်ပါတယ်။

နာရီတွေကို ချွေတာပြီး Blog ရေးကြမယ်

( Access Kit ) နာရီနှင့်ဝယ်သုံးရသော ကျွန်တော်တို့အတွက် Blog ရေးမည်ဆိုလျှင် အချိန်များစွာ ကုန်နိုင်ပါတယ်။ Access Kit မှာ အချိန်တွေဟာ များစွာ စကားပြောပါတယ်။ Blog စာမျက်နှာတွင် ရေးသားမည်ဆိုလျှင် Internet Connection ကိုဖွင့်ထားပြီး ရေးရပါတယ်။ နာရီတွေကုန်တာပေါ့ဗျာ။ အခု ဒီနည်းလမ်းလေးကတော့ နာရီတွေကို ချွေတာတဲ့နည်းလမ်းလေးပေါ့။

အရင်ဦးဆုံး Notepad ကိုဖွင့်ပါ။ ( Start / All Program / Accessories / Notepad )/ မြန်မာလိုရိုက်ချင်ရင်တော့ Alpha ZawGyi Unicode ကို ကိုယ့်စက်မှာ အရင်ဆုံးတင်ထားရပါမယ်။ Start Menu Bar မှာ ရှိတဲ့ Keyboard ပုံလေးကို နှိပ်ပြီး Alpha ZawGyi Font ကိုပြောင်းပါ။ ဒါဆိုရင် မြန်မာလို ရိုက်လို့ရပါပြီ။ ( Keyboard ပုံလေးမပေါ်ခဲ့လျှင် Start Menu Bar ကို Right Click ထောက်ပြီး Toolbars ထဲက Language bar ကို အမှန်ခြစ်ပေးလိုက်ပါ )။ မိမိရေးချင်တဲ့ အကြောင်းအရာများကို ရေးပါ။ ပြီးရင်တော့ Save ဖို့လိုအပ်ပါတယ်။ Save တဲ့နေရာမှာ မိမိနှစ်သက်ရာ နာမည်ကိုပေးပါ။ Encoding ဆိုတဲ့နေရာမှာ Unicode ကို ပြောင်းပေးရပါမယ်။ ဒါက အရေးကြီးပါတယ်။ အဲဒါမှ နောက်တစ်ခါပြန်ဖွင့်ရင် မြန်မာလိုပေါ်နေမှာ ဖြစ်ပါတယ်။ ပြီးရင် ရေးထားတဲ့ စာတွေအားလုံးကို Copy ကူးပါ။ Internet Connection ကို ဖွင့်ပါ။ www.blogger.com ကိုသွားပါ။ ကျန်တဲ့ အဆင့်တွေကတော့ ပုံမှန်ပါပဲ။ new post ကိုနှိပ်ပြီး ပေါ်လာတဲ့ စာမျက်နှာမှာ Paste လုပ်လိုက်ပါ။ ပြီးရင် တင်ရိုးတင်စဉ်အတိုင်း တင်လိုက်ပါ။ ဒါဆိုရင် ( Access Kit ) မှာ အချိန်ကုန်အများကြီး သက်သာသွားပြီပေါ့ဗျာ။

UltraSurf ကို MozillaFirefox တွင် အသုံးချခြင်း

Internet Connection ထဲကို ၀င်ထားပါ။ UltraSurf ကို ဖွင့်ထားပါ။ ( အစိမ်းတန်းလေး သုံးခု ပြနေမှ အလုပ်လုပ်မှာ ဖြစ်ပါတယ် ) ပြီးရင် MozillaFirefox ကိုဖွင့်ပါ။ Tools ထဲမှ Options ကိုဝင်ပါ။ Advanced ----- Network ----- Setting ----- Manual Proxy Configuration ခေါင်းစဉ်အောက်က HTTP Proxy ကို 127.0.0.1 လို့ရိုက်ထည့်ပါ။ Port ကို 9666 လို့ ရိုက်ပါ။ ပြီးရင် OK ----- OK ပေးပါ။ MozillaFirefox ကို ပိတ်လိုက်ပါ။ ပြီးရင် MozillaFirefox ကို အစမှ ပြန်ဖွင့်ပါ။ ဒါဆိုရင်တော့ UltraSurf နဲ့ MozillaFirefox ကို သုံးလို့ရသွားပါပြီ။ (မှတ်ချက်။ ။ နောက် Internet Connection ပြန်တက်ရင် UltraSurf မဖွင့်ဘဲနဲ့ MozillaFirefox ပွင့်လာမှာ မဟုတ်ပါဘူး။ UltraSurf မသုံးပဲနဲ့ MozillaFirefox ကိုပြန်သုံးချင်ရင်တော့ Manual Proxy Configuration ကို အမှန်ခြစ်ဖြုတ်ပြီးတော့ Auto - detect proxy settings for this network ကိုအစက်ကလေးပြန်ချစ်ပြီး ရွေးပေးလိုက်ပါ )

Game သမားများအတွက် Speeder XP Software ကိုသုံးခြင်း

Speeder XP Software ဟာ ဂိမ်းတွေကို မြန်မြန်ဆန်ဆန် အလုပ်လုပ်နိုင်တာကို တွေ့ရပါတယ်။ Game တွေကို မြန်မြန်ဆန်ဆန် သွက်သွက်လက်လက် ကစားချင်သူတွေအတွက် အသုံးဝင်ပါတယ်။ Speeder XP ရဲ့ Setting တွေကို လိုအပ်သလိုချိန်ညိနိုင်ပါတယ်။ နောက်ပြီး သူ့ရဲ့အားသာချက်က အင်မတန်ရိုးစင်းလွယ်ကူလှပါတယ်။ Speeder XP ရဲ့ Setting တွေကို မိမိစိတ်ကြိုက် ချိန်ညှိပြီးသွားရင်တော့ အနှုတ်ပုံစံလေးကို နှိပ်ပြီး ချုံ့ထားလိုက်ရုံပါပဲ။

Tuneup Utilities Software ကိုသုံးပြီး Boot Screen ကို ပြောင်းခြင်း

Tuneup Utilities Software ဟာ အသုံးဝင်လှတဲ့ Software တစ်ခုဖြစ်ပါတယ်။ သူ့ထဲမှာ ပါဝင်တဲ့ 1 click maintance ဆိုရင် မလိုအပ်တဲ့ဖိုင်တွေ လွဲမှားနေတဲ့ registry တွေကို ပြုပြင်ပေးပါတယ်။ Boot Screen ကိုပြောင်းမယ်ဆိုရင် Tuneup Styler ထဲကို ၀င်လိုက်ပါ။ change the window XP boot screen and create or download new boot screens ကို နှိပ်ပါ။ Add ကို နှိပ်ပါ။ Load boot screen from file ကိုရွေးပါ။ မိမိစက်ထဲမှ ကြိုက်နှစ်သက်ရာ ပုံကို open လုပ်ပါ။ ဘယ်ဘက်အခြမ်းမှာ ရှိတဲ့ Finish အောက်က save boot screen ကို နှိပ်လိုက်ရုံပါပဲ။ restart ချပြီး window ပြန်တက်ကြည့်ပါ။ မိမိရွေးချယ်ထားတဲ့ ပုံနဲ့ boot screen တက်လာတာကို တွေ့ရပါလိမ့်မယ်။

No comments: