Wednesday, August 20, 2008

FAT 32 TO NTFS AND DEFRAGMENT

FAT 32 System မှ NTFS System သို့ ပြောင်းလဲခြင်း

FAT 32 ထက် NTFS System သည် Window XP စနစ်တွင် ပိုမိုတည်ငြိမ်မှုရှိပြီး လုပ်ဆောင်ချက်များလည်း
ပိုမိုကောင်းမွန်လာပါတယ်။ ဒါကြောင့် သင့်ရဲ့ Window System ဟာ FAT 32 System ဖြစ်နေခဲ့မယ်ဆိုရင် NTFS System ကို ပြောင်းလဲသုံးကြည့်ပါ။ ဗီဒီယိုတည်းဖြတ်တဲ့ လုပ်ငန်းစဉ် (use adobe premier) မှာဆိုရင်လည်း FAT 32 ဖြစ်နေခဲ့မယ်ဆိုရင် encode လုပ်လို့မရပါဘူး။ encode လုပ်လို့မရရင် ကိုယ်တည်းဖြတ်ထားတဲ့ဟာတွေအကုန်လုံးVCD (or) DVD အဖြစ်ထုတ်နိုင်တော့မှာ မဟုတ်ပါဘူး။ NTFS System ဟာ အားလုံးနဲ့ အဆင်ပြေပါတယ်။ ဒါကြောင့် Window XP မှာ NTFS System ကိုပဲ အသုံးပြုသင့်ပါတယ်။ FAT 32 လား NTFS လားဆိုတာကို ဒီလိုလေးကြည့်ကြည့်ပါ။ My Computer ကို Double Click ပေးပါ။ Local C: ကို Right Click နှိပ်ပါ။ ပေါ်လာသော စာသားများထဲမှ Properties ကိုရွေးပါ။
General Tab ခေါင်းစဉ်အောက်တွင် File System ကိုကြည့်ရှုနိုင်ပါတယ်။ ( မှတ်ချက် ။ ။ မိမိပြောင်းလဲချင်သော Harddisk မှ ဖိုင်များအားလုံးကို အခြား Harddisk ထဲသို့ ကူးထားပါ။ သို့မဟုတ် နှစ်သက်ရာ software ကို သုံးပြီး back up လုပ်ထားပါ )

Start / Run ( Win + R )
Run Box ပေါ်လာသောအခါ Run Box ထဲတွင် cmd လို့ရေးပြီး Enter ခေါက်ပါ။ အနက်ရောင်နှင့် ပြသထားသော Command Promp ပေါ်လာပါလိမ့်မယ်။ Command Promp ထဲမှာ C: ကို ပြနေရပါမယ်။ ပေါ်နေသော စာတမ်းအဆုံးတွင် cd\ ဟုရိုက်ပါ။ ( cd\ means change directory ) C:\> နောက်တွင် vol c: ဟုရိုက်ပါ။ ပြီးရင် Enter ခေါက်ပါ။ အောက်ပါစာတမ်းနှစ်ခု ပေါ်လာပါလိမ့်မယ်။
Volume in drive C has no label
Volume Serial number is 5462-FCBC
ဒီစာတမ်း(၂) ခုကို စာနဲ့ ရေးမှတ်ထားပါ။ ဆက်လက်ပြီး C:\> convert c:/fs:ntfs ဟုရိုက်ပါ။ မိမိရိုက်လိုက်သော စာလုံးများမှားနေလျှင် Invalid Parameter ဟု ပြနေပါလိမ့်မယ်။ ညွှန်ကြားချက်များအတိုင်း ဆက်လက်လုပ်ဆောင်ပါ။ Volume label နဲ့ Volume Serial number ကို တောင်းတဲ့အခါမှာ မိမိမှတ်သားထားသော စာရွက်ထဲမှ စာသားများအား ပြန်ရိုက်ထည့်ပေးပါ။ ပေါ်လာသော Y(Yes) or N (No) မေးခွန်းများအား Y ကိုသာရိုက်ပြီး Enter ခေါက်ပေးပါ။ ( မိမိပြောင်းလဲသော အပိုင်းသည် Window ပိုင်းဖြစ်ပါက ကွန်ပျူတာ Restart ပြန်ဖြစ်သွားပေလိမ့်မည် ) ပြောင်းလဲနေစဉ်တွင် အခြား Program, File များဖွင့်ခြင်းကို မပြုလုပ်သင့်ပါ။ NTFS System သို့ပြောင်းလဲပြီးပါကလည်း မိနစ်အနည်းငယ်ကြာ စက်ကို ပိတ်ထားရန်လိုအပ်ပါသည်။

Disk Defragment လုပ်ငန်းစဉ်အကြောင်း

ကျွန်တော်နားလည်သလောက် သိသလောက်လေးပေါ့ဗျာ။ Defragment ဆိုတာ ပြန့်ကျဲနေတဲ့ File တွေ Program တွေကို တစ်စုတစ်ဝေးဖြစ်အောင် လုပ်ဆောင်ပေးတာပါ။ File များကို Harddisk ထဲတွင် လျှပ်စစ်သံလိုက်နည်းနဲ့ စနစ်တကျ သိမ်းထားတာဆိုပေမဲ့ File များကို ဖျက်လိုက်၊ ပြန်သိမ်းလိုက် Program တွေကို ဖြုတ်လိုက်၊ ပြန်ဖျက်လိုက်နဲ့ဆိုတော့ ကြာလာတော့လည်း အဆင်မပြေနိုင်တော့ပါဘူး။ အဲဒီလိုလုပ်တာတွေများလာတဲ့အခါမှာ ဖိုင်တစ်ခုကို သိမ်းလိုက်တဲ့အခါ Harddisk ထဲမှာ နှစ်နေရာ၊ သုံးနေရာ ခွဲပြီးသိမ်းလာပါတယ်။ File တွေကို ပြန်ဖွင့်လိုက်တဲ့အခါမှာ နှစ်နေရာ သုံးနေရာမှာ လိုက်စုနေရတဲ့အတွက် စက်ဟာ သိသိသာသာကြီးကို လေးလာပါတော့တယ်။ အဲဒီလိုမျိုးတွေ မဖြစ်အောင်လို့ Defragment ကို မှန်မှန်လုပ်ပေးသင့်ပါတယ်။ Defragment ကို သုံးတော့မယ်ဆိုရင် ဖွင့်ထားတဲ့ File တွေ Program တွေ အကုန်လုံးကို ပိတ်ပစ်ဖို့လိုအပ်ပါတယ်။ Antivirus Software တွေကို Disable (or) Exit လုပ်ထားဖို့ လိုအပ်ပါတယ်။

Start / All Program / Accessories / System Tools / Disk Defragment

C: ဟာ Window တင်ထားတဲ့အပိုင်းဖြစ်ပြီး D: ကတော့ မိမိရဲ့ အချက်အလက်တွေကို သိမ်းထားတဲ့ အပိုင်းဖြစ်ပါတယ်။Defragment မပြုလုပ်မီ Defragment လုပ်ဖို့ လို / မလိုကို Analyze ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ Defragment ပြုလုပ်ရန်လိုအပ်ပါက "You should Defragment this volume" လို့ စာတမ်းပေါ်လာပါလိမ့်မယ်။ Defragment ကို တန်းနှိပ်ရင်လည်းရပါတယ်။ အနီရောင်နဲ့ပြထားတဲ့ ဖိုင်တွေကတော့ ပြန့်ကျဲနေသော ဖိုင်များဖြစ်ပြီး အပြာရောင်နဲ့ ပြထားတဲ့ဖိုင်တွေကတော့ တစ်ဆက်တည်းတည်ရှိနေတဲ့ဖိုင်တွေကို ပြောတာပါ။ အစိမ်းရောင်နဲ့ပြထားတဲ့ ဖိုင်တွေကတော့ ဖယ်ထုတ်လို့မရတဲ့ ဖိုင်တွေဖြစ်ပြီး အဖြူရောင်ကတော့ Harddisk ရဲ့ လွတ်နေတဲ့ နေရာကို ပြောတာပါ။ အဖြူရောင်များများရဖို့ လိုပါတယ်။ Defragment လုပ်နေစဉ်မှာ အခြားလုပ်ဆောင်ချက်များကို မလုပ်ဆောင်သင့်ပါဘူး။ သူတစ်ခုတည်းကိုပဲ ဖွင့်ထားသင့်ပါတယ်။ မီးပျက်သွားလို့လည်း မရပါဘူး။ Defragment လုပ်ငန်းပြီးမှ ကျန်တာတွေကို လုပ်ဆောင်ပါ။ (၃) ရက် တစ်ခါ (၄) ရက်တစ်ခါ Defragment ကို လုပ်သင့်ပါတယ်။ ဒီထက်ပိုလုပ်နိုင်ရင်တော့ ကောင်းတာပေါ့ဗျာ။ Defragment များများလုပ်ရင် ကွန်ပျူတာက ပိုမို စွမ်းဆောင်ရည် ကောင်းလာမှာပါ။ ကွန်ပျူတာ ဗဟုသုတများ တိုးပွါးကြပါစေ ...........................။
ဖေကြီးကျော်

No comments: